Myanmar Embassy, KL

Online QR Code Booking System

English

QR လျှောက်ထားသူများ သိရှိရန်

  1. မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် မလေးရှားနိုင်ငံဖုန်းနံပါတ် (+60 x xx xxx) ဖြင့်သာ QR Code လျှောက်ထားနိုင်ပါသည်။ ဖုန်းနံပါတ်တစ်ခုသည် QR တစ်ကြိမ်သာ ယူခွင့်ရှိသည်။ QR ရယူထားသော ကိစ္စပြီးပြတ်မှသာ နောက်ထပ် QR အသစ် ထပ်မံရယူနိုင်မည်။
  2. ပတ်စပို့စ် မရှိသူများသည် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြားနံပါတ် ထည့်သွင်း၍ လျှောက်ထားရမည်။ ထိုသို့လျှောက်ထားရာတွင် မြို့နယ်အလိုက် မှတ်ပုံတင်ကုဒ်နံပါတ်ကို Search Box တွင် ရွေးချယ်၍ နိုင်ငံသား စိစစ်ရေးကတ်ပြားနံပါတ်ကိုမှန်ကန်စွာ ဖြည့်သွင်းရမည်။
  3. လျှောက်ထားသူဖုန်းနံပါတ်(သို့မဟုတ်)Emailသို့ OTP Code ကို SMSစနစ်ဖြင့် ပေးပို့ပါမည်။ စတင်လျှောက်ထားချိန်မှ (၁၂)မိနစ်အတွင်း OTP Code အား ထည့်သွင်းရမည်။ ဖုန်းနံပါတ်၊ Email လိပ်စာ မှားယွင်းဖြည့်သွင်းခြင်း (သို့မဟုတ်) ၁၂မိနစ်အတွင်း SMS မရရှိပါက OTP သက်တမ်းကုန်မည်ဖြစ်သဖြင့် အစမှပြန်လည်လျှောက်ထားရမည် ဖြစ်ပါသည်။
  4. QR လျှောက်ထားမှု လက်ခံပြီးသောအခါ QR Code နှင့်အချက်အလက်များကို Email ဖြင့် ပေးပို့မည် ဖြစ်ပါသည်။ ထို့ကြောင့် Email လိပ်စာကို တိကျမှန်ကန်စွာ ဖြည့်သွင်းပြီး ထပ်မံ စစ်ဆေးရန်နှင့် မလေးရှားနိုင်ငံ Internet Protocol(IP Address)ကို အသုံးပြု၍ လျှောက်ထားရမည်။
  5. QR Code လျှောက်ထားစဉ် ရွေးချယ်ထားသောဝန်ဆောင်မှုလုပ်ငန်းအတွက် လူကိုယ်တိုင် သံရုံးသို့လာရောက်ဆောင်ရွက်ရမည့် နေ့ရက်အား လျှောက်ထားသူ၏ Email သို့ အကြောင်းပြန်ပေးပါမည်။
  6. သံရုံးသို့ ရောက်ရှိသောအခါ QR Code ကို တင်ပြပြီး Queue နံပါတ်ထုတ်ယူရမည်ဖြစ်သဖြင့် QR Code ကို ဖုန်းဖြင့်(သို့မဟုတ်) Printout ထုတ်ပြီး တစ်ပါတည်းယူဆောင်လာရမည်ဖြစ်သည်။ QR Code လျှောက်ထားစဉ် ဖြည့်သွင်းထားသော အချက်အလက်များ နှင့် မူရင်းအထောက်အထားများကို တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှုရှိသော QR Code ကို ဆက်လက်ဆောင်ရွက်နိုင်ရန် Queue နံပါတ်ထုတ်ပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် Form ဖြည့်သွင်းသည့်အခါ အချက်အလက်များကို လုံးဝ သေချာအောင် အကြိမ်ကြိမ် စစ်ဆေးပြီးမှ လျှောက်ထားရန် သတိပေးပါသည်။
  7. QR Code ရက်ချိန်း လျှောက်ထားမှုနှင့် သံရုံးတွင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အငြင်းပွားဖွယ်ရာ ကိစ္စရှိလာပါက သံရုံး၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
အထက်ပါ အချက်အလက်များကို သေချာစွာဖတ်ရှုပြီး သဘောတူညီပါသည်။